

ဓါတ်ပုံကို rectangular selection နဲ့ select လုပ်လိုက်ပါ။
ပြီးရင် quick mask toggle bottom ကို click လုပ်လိုက်ပါ။
ဒါမှမဟုတ် shift +Q ကို နှိပ်မယ်ဆိုရင်လည်း အတူတူပါပဲ။
နောက် selection area ကို ပြောင်းပြန်လုပ်မယ်။... menu\selection\ invert နဲ့လုပ်မယ်။
ctl+ I ဆိုရင်လည်းရပါတယ်။
ဒါပြီးရင် selection area ကို blur နဲ့ တဖြည်းဖြည်းလျော့သွားတဲ့ effect ပေးထားလိုက်ပါမယ်။
menu ထဲက Filter\blur\gaussian blur ဆိုပြီး လုပ်လိုက်ပါ။
ပြီးသွားရင် quick mask ကို ပြန်ပြီး click နှိပ်ပါ။
selection area ကို တခါပြန်ပြီး invert လုပ်လိုက်ပါ။
နောက်ဆုံးနေနဲ့ ကိုလိုချင်တဲ့ အရောင်လေးကို fill လုပ်ပေးလိုက်ရုံပါဘဲ။
foreground color ကို ကိုယ်လိုချင်တဲ့ အရောင် အရင်ပြောင်းလိုက်ပါ။
ြီ့ပီးမှ menu: edil\fill FG color နဲ့ အရောင်ဖြည့်လိုက်ပါ။
ဒါဆိုရင် ဘောင်လှလှလေးတခု တပ်ပြီးသွားပြီပေါ့။
တခြား effect တွေကိုသုံးပြီးတော့လည်း ဓါတ်ပုံဘောင် ဆန်းဆန်းလေးတွေကို ဖန်တီးလို့ရပါတယ်။
စမ်းလုပ်ကြည့်လိုက်ကြတာပေါ့။

No comments:
Post a Comment